ကိုယ် မြင်စေချင်သူပဲ မြင်အောင် ကိုယ့် Status,Photos,Post တွေကို တင်နည်း(On Facebook)
ကျွန်တော့် ကို ညီငယ်လေး တစ်ယောက် မေး ဖူးတယ်... ဘယ်သူလဲ ဆိုတာတော့ သေချာ မမှတ်မိဘူးဗျ..
သူက G-talk ထဲ မှာ လာမေးတာဖြစ်ပါတယ်...
မေးတာကတော့
အကိုနောင်ခန့်သူ ရေ ကူညီပါဦး.. ကျွန်တော် တင်တဲ့ Status တွေကို ကျွန်တော် သိစေ ချင်တဲ့ သူတွေ
ကို ပဲ သိအောင် .. နောက်ပြီး ကိုယ် မမြင်စေချင်တဲ့ သူတွေ မတွေ့အောင် တင်လို့ ရပါသလား ခင်ဗျာ..
အချိန်ရရင် ပြောပြပေးပါလား...
လို့ လာမေးလို့.... ကျွန်တော် အခုပဲ ပြောပြလိုက်ပါပြီ...
ကဲ Facebook ကြီး နဲ့ ပတ်သက်ပြီး ခဏခဏ ကလိနေတဲ့ နောင်ခန့်သူ လာပါပြီ....
ဒီတစ်ခါတော့ ကျွန်တော် သင်ပေး ပြပေးချင်တာကတော့ ... Only me Tag လို့ ခေါ်တယ်ဗျ......
ဒီ စကားပြောလိုက်တာနဲ့ ထက် ခနဲ တန်းသိသွားမယ် ထင်ပါတယ်.. ( အမှန်တော့ မထင် :P )
Facebook မှာ Tag လုပ်တယ် ဆိုတာကို လူတိုင်း သိပါတယ်... မသိလည်း ဒီ Topic နဲ့ မဆိုင်တော့ ကျွန်တော်
ရှည် ရှည် ဝေးဝေး ပြောမနေတော့ပါဘူး...
ခေါင်းစဉ်နဲ့ ဆိုင်တာကို သွားပါမယ်...
ဒီနည်းကိုတော့ လူတိုင်းနီးပါး သိနိုင်ပါတယ်.. ကျွန်တော်က မသိ သေးတဲ့ သူတွေ ကိုပဲ ပြောပြမှာပါ...
ကဲ စမယ်....
ကျွန်တော် ပြောသလို Tag လုပ်တဲ့ အခါမှာ.. ကိုယ် Tag ထားတဲ့ Friend တွေ ပဲ ကိုယ့် Status ဒါမှ မဟုတ်
Photo ဒါမှ မဟုတ် Post တွေကိုမြင်တွေ့ နိုင်မှာ ဖြစ်ပါတယ်.....
အရမ်းကို လွယ်ကူပါတယ်... အောက်က ပုံကလို ကိုယ်ရေးချင်တာ ကိုရေးလိုက်ပါ...
ဒီပုံကတော့ ကျွန်တော့် Timeline ထဲကနေ ဝင်ထားတာ ဖြစ်ပါတယ်...
အဲ ဒီ့ ပုံမှာ..ကျွန်တော် မြားနဲ့ ပြထားသလို လူပုံ လေးထဲ ဝင်ပြီး......ကိုယ့် ပို့စ်ကို ဘယ်သူတွေ မြင်စေ ချင်သလဲ ရွေးပေးလိုက်ပါ...
ပြီးရင် အောက်က ပုံလို .... Only me ပြောင်းပေးလိုက်ပါ....
ဒါဆိုရင် အောက် ထုံးစံ အတိုင်း Post ကိုနှိပ်ပြီး တင်လိုက်ပါ......
အဲ့လို ဆိုရင် ကိုယ် ရွေး ပေးထားတဲ့ သူတွေ ပဲ ကိုယ့် Post ကို မြင် ရမှာပါ.. တခြား သူတွေ မမြင်ရတော့ပါဘူး...
လျှို့  ဝှက် လုပ်ငန်း တွေ လုပ်လို့ လူမသိစေချင်ဘူးဆိုရင် ... ကိုယ် သိစေချင်တဲ့ သူကိုပဲ... ဒီလို ချိတ်ပြီး
ဖြန့်လို့ရပါတယ်... ဒါပေမယ့် ဟိုဘက်က Approval မထားဘူးဆိုရင် တန်းပေါ် မှာဖြစ်ပြီး.. ထားတယ်ဆိုရင်..
သူ့ဘက်မှာ Notification တက်လာမှာပါ.....
ဒါလေးက ဘာရယ်မဟုတ်ပါဘူး... ဒီလို လုပ်လို့ ရသေးတယ် ဆိုတာ သိစေချင်လို့ ပြောပြလိုက်တာပဲ ဖြစ်ပါတယ်....
အားလုံး အဆင်ပြေကြပါစေ....
တကယ်လို့ ကျွန်တော်နဲ့ တိုက်ရိုက်ပြော ချင်တယ်ဆိုရင်..
heartlay.2018@gmail.com
https://www.facebook.com/bossies.princelay တို့ ကို ဆက်သွယ်နိုင်ပါတယ်...
အားလုံး အဆင်ပြေ နိုင်ကြပါစေ....
(နောင်ခန့်သူ)




0 comments:
GMP သို့ လာလည်သူများကို ကျေးဇူးတင်ပါတယ်....
Download မရရင်ပြောပါ... အဆင်မပြေတာ ရှိရင် Comment ပေးပါ...