-::-|Copy Right>>GMP IT TC | Templated By နောင်ခန့်သူ(GMP Creator)|-::-
')); //-->

Applications တွေ Game တွေ သုံးနေရင်းမှ ရုတ်တရက် Unfortunately Stopped ဖြစ်သွားခြင်းအား ဖြေရှင်းခြင်း...



အားလုံး မင်္ဂလာပါ.. ကျွန်တော် က GMP IT Training Center မှ နောင် ခန့် သူ ပါ...

ကျွန်တော် စာ မရေးတာလည်း အတော် ကြာပါပြီ..

ဒီ ဆောင်းပါးလေး.. ရေးပေး ရ တဲ့ အကြောင်း ရင်းက လည်း ... ကျွန်တော့် လို အခု ဖြေရှင်းနည်းပြောပြ

ပေးမယ့် Error လေး ရင်ဆိုင် ဖူးကြတဲ့ ညီ အကို မောင်နှမ များ ဒုက္ခ မရောက်အောင်လို့ပါ...

နည်းနည်း တော့ ရှည် ပေမယ့် .. စိတ်ရှည် ရှည်နဲ့ ဖတ်ပေးကြပါခင်ဗျာ...

ကဲ အောက်က ပုံလေးကို ကြည့်လိုက်ပါ...

"Unfortunately Subway Surf has stopped"

ဆိုတာ လေးကို တွေ့ ပါလိမ့်မယ်...

မိမိ တို့ ဂိမ်းဆော့ နေရင်း ဖြစ်ဖြစ် .. Applications တွေ ဖွင့်

ထားရင်းပဲ ဖြစ်ဖြစ် အဲ့လို လေး ပေါ်လာရင် မည်သူ မဆို လွန်စွာ ပေါက်ကွဲ ဖူးကြပါလိမ့်မယ်...

စာဖတ် သူလည်း ဖြစ်ဖူး ကြရင် ဒီပို့စ်လေးကို အဆုံးထိ ဖတ်ရှု ပေးပါ...



အောက်က တော့ Outlook.com App ရဲ့ Crash ဖြစ်သွားတဲ့ ပုံပါ....


ဒါမျိုးကို Application Crash ဖြစ်ခြင်း လို့ ခေါ်ဆိုပါတယ်....

များသော အားဖြင့် ဒီ လို Error မျိုးဟာ... မိမိ ဖုန်းရဲ့ Hardware ထိခိုက် မှု တစ်ခုခု ကြောင့် ဖြစ်တတ်တာ

များပါတယ်... ဒီလို ဖြစ်လာရင်တော့.. သင်ဟာ Technician တစ်ယောက် မဟုတ်ရင်... သင်ကိုယ်တိုင်

ပြင် ဆင်နိုင်မှာ မဟုတ်ပါ...

ဒီလို ဆိုရင်တော့ Service Center ကိုသာ သွားပြလိုက်တာ အကောင်းဆုံးပါပဲ... Factory Faults ကြောင့်

ဖြစ်တာ ဆိုရင် Phone အသစ် တစ်လုံး လဲ လှယ် ပေးပါလိမ့်မယ်...

Application Crash ဖြစ်ခြင်းကို ဖြေရှင်းရန် နည်းလမ်း များ...(For Normal Users)


ဒီ ခေါင်းစဉ် မှာ Normal Users ဆိုတာက တော့ Root Access မရှိ ... တစ်နည်း အားဖြင့် ဖုန်းကို

Root လုပ်ထားခြင်း မရှိတဲ့ Users များအတွက် ဖြစ်ပါတယ်...

  1. Simple Reboot ပြု လုပ်ခြင်း
ဒါက တော့ မိမိ ဖုန်းကို Restart ပြုလုပ်ခြင်းပဲ ဖြစ်ပါတယ်.. ဖုန်း အများစုဟာ ပုံမှန် ကနေ ချို့ယွင်းမှု

(issues) တစ်ခုခု ဖြစ်ပေါ် လာပါက ... Restart ချပေးခြင်းဖြင့် Phone ရဲ့ System ပိုင်းကို ပုံမှန် ပြန်လည်

အလုပ်လုပ် စေပါတယ်.... အကယ် ၍ သင့် ဖုန်းကို Restart ချပေး ပြီးနောက်... Crash ပြုလုပ် ခြင်းခံ

ရသော Application အား ပြန်ဖွင့် ၍ သုံးကြည့်ပါ... Unfortunately App has stopped

သာ ပြနေပါက ... ဖုန်းအား Battery ဖြုတ် လိုက်ပါ.... မိနစ် အနည်းငယ် ကြာပြီးမှ Battery ကို ပြန်တပ်

လိုက်ပါ....

    2.  Re-installing an Application

ဒါကတော့ Application ကို Uninstall ပြု လုပ်ပြီးနောက် .. ပြန်လည် install ပြုလုပ်ခြင်းပဲ ဖြစ်ပါတယ်...

Setting>>Application>>Manage Applications မှ သော် လည်းကောင်း..

Setting>>Application Management မှ သော်လည်း ကောင်း...

Crash ပြု လုပ် ခံ ရသော Application အား Uninstall ပြုလုပ်၍... တစ်ဖန် ပြန်လည် install ပြုလုပ်

ပေးပါ....

    3.  အခြား Applications များ ပြောင်းလဲ အသုံးပြု ခြင်း

ဒါက Fix ပြု လုပ် နည်း မဟုတ်ပါဘူး... ဆိုလို ချင်တာက တော့ သင့် ရဲ့ Camera ဟာ Crash ပြုလုပ်

ခံ ထားရသော Application ဖြစ်နေပါက .. Camera 360 ကို ပြောင်းသုံးခိုင်း ခြင်းမျိုးဖြစ်ပါတယ်..

သဘောက တော့ ဆင်တူ Application မျိုး သုံးခိုင်း ခြင်း ဖြစ်ပါတယ်...

    4.  အသစ် ထည့် သွင်းထားသော Application တစ်ချို့အား Uninstall ပြုလုပ်ခြင်း

တချို့သော Applications များဟာ ... တခြား သော သင့် ဖုန်းထဲရှိ.. Applications များ ၏

Operation အချို့တွင် ဝင်ရောက် စွက်ဖက်မှု ရှိနိုင်ပါသည်..... ထို သို့ ဖြစ်သည် ဟု ယူဆပါက...

Crash ဖြစ်နေသော Application အား ထည့် သွင်းပြီးနောက်... အသစ်ထပ်

ထည့် ထားသော.. Application  များအား Uninstall ပြုလုပ်ကြည့်ပါ....

အသစ် များအား မသိပါက ... Launcher အချို့တွင်ပါရှိသည့် Sort By Function ဖြင့် ကြည့်ရှုပါ...

    5.  Factory Data Reset ပြုလုပ်ခြင်း

Factory Data Reset ဆိုသည်မှာ... သင့် ဖုန်းကို Factory မှ ထုတ်လုပ် ပေးပြီး အသစ်စက်စက် လုံးဝ

မထိ မကိုင်ရသေးသော ပုံစံ အတိုင်း ပြု လုပ်ခြင်းပါသည်....

Factory Data Reset သည်.. သင့် Phone Memory အား Erase ပြု လုပ်ပါသဖြင့်...

Factory Data Reset မပြုလုပ်ခင်... သင့် ရဲ့ Phone အတွင်းရှိ အရေးကြီးသော Data များအား

Backup ပြုလုပ်ထားသင့်ပါသည်...

Factory Data Reset ပြု လုပ်ရန်မှာ...

Setting>>Backup and Reset>> Factory Data Reset

မှ သွားရောက် ပြုလုပ်နိုင်ပါသည်....


အထက် ပါ နည်းလမ်း များအားလုံးကို ပြုလုပ်ကြည့်ပြီးနောက် .... သင့် Application မှာ

Crash ဖြစ် နေသေးပါက.... Hardware ချို့ယွင်းချက် သို့မဟုတ် Applications ၏ ချို့ ယွင်းချက်ဟု

ယူဆ ရပေမည်...

Hardware ချို့ယွင်းချက် ဖြစ်ပါက... Service Center သို့ ပို့ဆောင် ခြင်းသာ အကောင်းဆုံး ဖြစ်ပါလိမ့်မည်..

Application Crash ဖြစ်ခြင်းကို ဖြေရှင်းရန် နည်းလမ်း...(For Root Users)  



ဒီ နည်းလမ်းက တော့ Root Access ရှိပြီးသော ... User များ ပြု လုပ် ရန်အကောင်းဆုံး နည်းလမ်း

ဖြစ်ပါတယ်....

ဒီ နည်းလမ်းကို ပြုလုပ် မယ်ဆိုရင် သင့် ဖုန်းဟာ Root ထားခြင်း မရှိပါက သက်ဆိုင်ရာ Tool များနဲ့

Root အရင် ပြုလုပ်လိုက်ပါ...

သင့် ဖုန်းမှာ Root Access ရရှိပြီ ဆိုလျှင် ကျွန် တော်တို့ လုပ်ငန်းစလို့ ရပါပြီ...

ပထမ ဆုံး သင့် အတွက် လိုအပ် တာကတော့

Link2SD ဆိုတဲ့ Application ဖြစ်ပါတယ်... File Size ကတော့

အဲ့ဒီ့ Application ကို Play Store မှာ အခမဲ့ ရယူနိုင်ပါတယ်....

Link ကတော့ ...

https://play.google.com/store/apps/details?id=com.buak.Link2SD
ပဲ ဖြစ်ပါတယ်...

Google Play မရှိတဲ့ သူများအတွက်ကတော့ ....

Download

Install ပြုလုပ်ပြီးပါက Link2SD ကို ဖွင့်လိုက်ပါ...

မိမိ ဖုန်းထဲတွင် Crash ဖြစ်နေသော Application ကိုရွေးပေး ပါ...


ထို့နောက် ... Action ဆိုတာကို ကလစ် ပြီး...  Convert to system app ကိုနှိပ်၍

OK ကိုနှိပ် ပေးလိုက်ပါ.....

ပြီးရင် သင့် ဖုန်းကို Restart/Reboot ပြုလုပ်ပေးလိုက်ပါ....

ဒါဆိုရင်တော့ သင့် Application ဟာ Crash မဖြစ်တော့ပါဘူး.. System App အဖြစ် လူလည် ကျ

ပြီး ပြောင်းလဲ ပေးလိုက်ခြင်းကြောင့် ဖြစ်ပါတယ်...

အားလုံးပဲ အဆင်ပြေ ကြပါစေ....

အဆင်မပြေ မှုများ ရှိပါက ...

heartlay.2018@gmail.com
https://www.facebook.com/bossies.princelay

တို့တွင် ကျွန်တော့် ဆီ လာရောက် ဆွေးနွေးနိုင်ပါတယ်....

Samsung Galaxy devices တွေမှာ Gmail Account ကို Factory Data Reset မချဘဲ ဖျက်နည်း



မင်္ဂလာပါ ခင် ဗျာ.. အရင် ဆုံး ကျွန်တော် နောင် ခန့်သူ ပါလို့ အရင် မိတ်ဆက် ပါ ရ စေ..

ကျွန်တော် အခု  စာဖတ်သူ များကို ပြောပြ ပေးမှာက  Samsung Galaxy phones တွေမှာ Gmail 

Account ကို Factory data reset မချဘဲ ဖျက်မယ့်နည်း ပဲ ဖြစ်ပါတယ် ....

ကျွန်တော်က Samsung Galaxy S3 GT i-9300 မှာ ဒီနည်းကို ပြ သ ပေးမှာ ဖြစ်ပါတယ်..

ဒါကို မလုပ်ခင် မိမိ ဖျက်မှာက Back up Account ဆိုရင် Setting ထဲမှ Backup and reset ထဲက နေ 

Backup Account ဘာထားသလဲ ကြည့် နိုင် ပါတယ်...



ကြည့် နိုင် တဲ့ အပြင် ကျွန်တော် ပုံထဲမှာ ပြ ထားတဲ့ အတိုင်း ဝင် ပြောင်း ပေးလို့လည်း ရပါတယ်....




အခုကျွန်တော် တို့ အဓိ က အ ကြောင်း အ ရာ ဘက်ကို သွားရ အောင် ဗျာ...

ကဲ ပထမ ဦးစွာ မိမိ ဖုန်းရဲ့ setting ထဲက နေ

# Accounts and Sync ထဲကို ဝင် လိုက် ပါ...

    ပုံ ထဲမှာ ကျွန်တော် ထားတဲ့ Account များကို မြင်တွေ့ နိုင် ပါတယ်

# အဲ့ဒီထဲက နေမိမိဖျက်လိုတဲ့Accountကို  ရွေးနှိပ်လိုက်ပါကျွန်တော်က တော့
naungkhantthu@naungkhantthu.net ဆိုတဲ့ Account ကို ရွေးလိုက်ပါတယ်...



# ညာဘက် အောက်ထောင့်နားလေးက Remove Account
    ဆိုတာ ကို နှိပ် ပေးလိုက်ပါက ပုံထဲက လို အတည်ပြု ခိုင်းတဲ့          Box လေး တက်လာပါမယ်... အဲ့ဒါကို Remove ရွေးပေး
    လိုက် ရင် ရပါပြီ..







ကဲပုံမှာ မြင် တဲ့ အတိုင်း ခုနက Remove လုပ်လိုက်တဲ့ naungkhantthu@naungkhantthu.net ဆိုတဲ့ Account ပျောက်သွားပါပြီ..

အ တော် လွယ်တာကို တွေ့ရမှာပါ..

ကျွန်တော့်ကို မေးလာတဲ့ သူတစ် ယောက် ရှိ လို့ အားလုံးသိသွားအောင် ရှင်းပြ ပေးခြင်းသာ ဖြစ်ပါတယ်..
အားလုံးအဆင် ပြေကြပါစေ..

ကျွန်တော့် ဆီ ဆက်သွယ် လိုလျှင်..
heartlay.2018@gmail.com
http://www.facebook.com/bossies.princelay
တို့ကို ဆက်သွယ် နိုင် ပါတယ်...

GMP သို့ လာရောက်သူ ညီအစ်ကို မောင်နှမများ ဖတ်ဖြစ်အောင် ဖတ်ပေးပါ...



အားလုံး မင်္ဂလာပါ... ကျွန်တော်တို့ Myanmar Guru Master Pro IT Training Center Site ကနေ

ကြိုဆိုပါတယ်....

ကျွန်တော်ကတော့ နောင်ခန့်သူပါ...

နည်းနည်းလောက် ပြောချင်တာလေးတွေ ရှိလို့ပါ... စိတ်ရှည်ရှည်လေးထားပြီး ဖတ်ပေးကြပါလို့...

ကျွန်တော်တို့ ဒီဆိုက်လေးကို လုပ်ရတဲ့ အကြောင်းရင်းကတော့ Beginner တွေ အတွက် အထူးရည်ရွယ်

ပြီး သင်ကြားမယ်ဆိုတဲ့ ရည်ရွယ်ချက်ကြောင့်ပါ... Computer ဆိုတာကို ဘာက ဘယ်လိုရှိတယ်....

ဘယ်ထဲဘာကလိလိုက်ရင် ဘာဖြစ်သွားတတ်သလဲ... စတဲ့သဘောတရားတွေကို သင်ပေးမှာဖြစ်ပါတယ်...

Website က အခုအချိန်မှာ ပြင်ဆင်နေဆဲ အချိန်.. နောက်ပြီး ကျွန်တော် ကတိပေးထားတဲ့ အတိုင်း..

အမြန်ဆုံးလုပ်လိုက်ရတာမို့လို့ .. လောလောဆယ်မှာ...ပြည့်စုံမှု မရှိသေးပါဘူး...

နှစ်ပတ်လောက် တော့အချိန်ထပ်ယူရပါဦးမယ်..... လောလောဆယ်မှာ ဖွင့်ပေးထားပေမယ့် ...

Member ကန့်သတ်ထားတာမို့လို့ ပြန်ပိတ်ထားမှာပါ... ဒါကလည်းအကြောင်းတစ်ခုကြောင့် ဖြစ်ပါတယ်...

ကျွန်တော်တို့ Site မှာ ကြော်ငြာ အနည်းငယ်သာ ထည့်ပါမယ်.... ဘာလို့လဲ ဆိုတော့

ပိုက်ဆံရတယ်ဗျ....ပိုက်ဆံကလည်း အလကားနေလို့မှ ရတာမဟုတ်ပါဘူး... user တွေ Click

မှ ရတာပါ... ရတာမှ Penny သာသာ လေးပဲ ရတာပါ...လူ တစ်သောင်းလောက် Click မှ ရတာပါ...

ဒီလို ငွေ ရအောင်လုပ်တယ်ဆိုတာ online ပေါ်မှာ ငွေ လိုချင်လို့ပါ....

ဘာလို့ လိုချင်ရသလဲဆိုတော့ ....

ဒီလိုရှိတယ်ဗျ.. ကျွန်တော်တို့ အပြင်ပိုက်ဆံကို Online ပေါ် ကနေ လွှဲမယ် ပြောင်းမယ်.....

online ပေါ်ရောက်အောင်လုပ်မယ်ဆိုရင် အဆမတန် ပိုက်ဆံ ထပ်ပေးရပါတယ်.....

အပြင်မှာ Domain,Hosting ဝယ်တာထက် online ပေါ်ကနေ ဝယ်တာက ပိုသက်သာပြီး အချိန်ကုန်

သက်သာစေပါတယ်... ဒီအချက်တွေ ကြောင့် online ပေါ်မှာ ငွေ ယူဖို့ ကြော်ငြာထည့်တာပါပဲ...

Ads Provider တွေ ဆီကနေ online ပေါ်မှ ငွေ ရပါတယ်...အဲ့ငွေ ကိုကျွန်တော်တို့ ကိုယ်ကျိုးအတွက်

မသုံးပါဘူး... နည်းပညာ ပြန်လည် ဖြန့်ဝေတဲ့နေရာ Download site တွေဝယ်မယ့်နေရာတွေမှာပဲ

သုံးမှာပါ...

ဒါကြောင့်ပါပဲ....

နောက်ပြီး ကျွန်တော်တို့ Website က အခုမှ ပြင်ဆင်စမို့လို့ .. ဘာမှ ရှိသေးဦးမှာ မဟုတ်ပါဘူး...

ပါဝင်ကူညီပေးထားတဲ့ ညီအစ်ကို မောင်နှမ များ ကိုလည်း အရမ်းကိုကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်..

တကယ်လို့ သင် ဟာဒီဆိုက်ကို ဝင်ကြည့်ဖြစ်ခဲ့တယ်ဆိုရင် .... Member ဝင်ပေးဖို့ ကြိုပြောချင်ပါတယ်...

ဘာလို့လဲဆိုတော့ ကျွန်တော်ပြောသလို ကန့်သတ် ထားတာကြောင့်ပါပဲ...
(လာပြန်ပြီ ဒီကန့်သတ်တာ :P)

အခု အားလုံး အဆင်ပြေအောင် ကျွန်တော်စီစဉ်ပေးမှာပါ......




အခု ကျွန်တော့် ဆီ ရောက်လာတဲ့ မေးခွန်းတွေဟာ များပြားလွန်းတာကြောင့်...


ဒီဆိုက်က Member တွေ မေးလာတာတွေ....

Mail ထဲကနေ မေးလာတာတွေကို ဦးစားပေးပြီး ကျွန်တော် ဖြေကြားပေးမှာပါ...

Mail ကနေတော့မပြောပါဘူး.... လူတိုင်းသိအောင် ဆိုက်မှာပြန်တင်ပေးမှာပဲဖြစ်ပါတယ်....

ကျွန်တော်ပြောနေကျ စကားတစ်ခွန်းလိုပေါ့ ဗျာ.... သင်ယူပါ... လေ့လာပါ... ကြိုးစားပါ.... လေ့ကျင့်ပါ...

ကလိပါ....ကလိမှ တတ်မှာပါ... မကလိရင် မတတ်ပါ....

အဲ ကလိတာကလည်း သဘောတရား နားလည်ဖို့လိုတယ်နော်....

နေရာတိုင်းမှာ သဘောတရားဆိုတာ နားလည်နေရင် အားလုံးအေးဆေးဖြစ်သွားမှာပါ...

:) ကဲ အားလုံးပဲ ပျော်ရွှင်ကျန်းမာ စိတ်ချမ်းသာ ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်.....

(Myanmar GMP IT TC Administrators)


Windows OS မှာ Delete လုပ်လို့မရ (or) Rename လုပ်လို့ မရသော Folder တည်ဆောက်နည်း နှင့် ဖျက်ပစ်နည်း..


အားလုံးမင်္ဂလာပါ... ကျွန်တော် နောင်ခန့်သူ က လာလည်သူ အားလုံးကို ကြို ဆိုပါတယ်.....

ကျွန်တော် ဒီနေ့ သင်ပြပေးချင်တာလေးကတော့ ... မိမိ ရဲ့ Computer ထဲမှာ... ဖျက်လို့ မရသော ... (သို့မဟုတ်)

Rename လုပ်လို့ မရသော Folder တစ်ခု တည်ဆောက် ခြင်းနည်းလမ်းလေးပဲ ဖြစ်ပါတယ်...

ခေါင်းစဉ်ဖတ်ကြည့်ပြီး ကျော်မသွားစေချင်ပါ...ဒီနည်းလေးက လွယ်လွန်းလှပါတယ်... 

Windows OS သုံးထားတဲ့ ဘယ် Computer မှာမဆို ဒီနည်းလမ်းကို စမ်းသပ်ကြည့်နိုင်ပါတယ်...

ဒီနည်းကို သိထားရင် မိမိ Computer မှာ ဖျက်မရ ဖြစ်နေတတ်တဲ့ Folder တွေ ကိုလည်း ဖျက်ပစ်နိုင်မှာပါ..

ကျွန်တော်က အဲ့လို ဖျက်မရတဲ့ Folder ပြုလုပ်နည်းနဲ့ ဖျက်ပစ်နည်းကို ပြောပြ ပေးမှာ ဖြစ်ပါတယ်..

ကဲ ပထမ ဆုံး ကျွန်တော် စပြောချင်တာကတော့ .. Command Prompt ဆိုရင် သိမယ်လို့ ထင်တယ်...
(အမှန်တော့ သိပ်မထင်ရဲ :P)

Command Prompt ကိုကျွန်တော် အရောင်ပြောင်းတာတွေ တောင် အရင် Post တစ်ခုမှာ တုန်းက ပြောပြ

ခဲ့ဖူးပါတယ်....

ကဲ စကားနည်းနည်း ရှည်သွားပြီ... လိုရင်းကို သွားလိုက်ကြရအောင်ဗျာ....

------------------------------------------------------------------------------------------------------------------

ပထမဦးဆုံး မိမိ ရဲ့ Computer မှာ Window Key + R ကို တွဲ နှိပ် ပေးလိုက်ပါ...

အောက်ကလို Run Box တက်လာလျှင်... cmd ဟု ရိုက်ပေးပါ...



ပြီးရင် OK ကိုနှိပ်ပေးလိုက်ပါ...

အောက်ကလို Command Prompt လေး တက်လာပါလိမ့်မည်.....


ပုံထဲမှာ ကျွန်တော် ပြထားသလို ပေါ်လာပါလိမ့်မယ်.... ကဲ အောက်က အတိုင်း အဲ့ဒီ့ Command Prompt လေး

ထဲမှာ ... ကိုယ့် Folder ကိုဘယ် လမ်းကြောင်းမှာ ထားမှာ လဲ ဆိုတာ Command ပေးရပါမယ်...

C: လို့ပဲရိုက်ရိုက် D: လို့ပဲ ရိုက်ရိုက် E: ဖြစ်ဖြစ် ... ကိုယ်ကြိုက်တဲ့ Drive Name ကိုရိုက်ပေးလိုက်ပါ...

ကျွန်တော်ကတော့ D: ပဲရိုက်ပြီး Directory ကို D: ထဲကို Change လိုက်ပါတယ်...

ဆက်ကြည့်ပေးပါ...




ပုံမှာ ပါတဲ့ အတိုင်း...ရိုက်ပြီးပြီ ဆိုရင် ... အောက်က ပုံအတိုင်း...

md con\ 

လို့ ရိုက်ပေးလိုက်ပါ..  md stands for Make Directory ဖြစ်ပါတယ်... md=Make Directory

ဆိုလိုတာက Directory တစ်ခု ဖန်တီးတယ်ပေါ့ ဗျာ...

con နေရာတွင် aux, lpt1, lpt2, lpt3,lpt4,lpt5,lpt6,lpt7,lpt8,lpt9 တို့မှ ကြိုက်ရာ တစ်ခု ရိုက်နိုင်ပါတယ်..

ကျွန်တော်က con နဲ့ ပဲ သွားပါမယ်..... ပုံကိုကြည့်ပါ...




ပြီးသွားရင် Widow Key+E နဲ့ My Computer ကိုခေါ်လိုက်ပါ... အောက်က ပုံလိုမျိုး တက်လာ ပါမယ်....

ခုနက ကျွန်တော် လုပ်ခဲ့ တဲ့   Directory က D: ထဲမှာ ဖြစ်လို့ ကျွန်တော်ကတော့ D: ထဲပဲ ဝင်လိုက်ပါမယ်..

စာဖတ်သူလည်း ကိုယ် Command ရိုက်ခဲ့တဲ့ Drive ထဲကို ဝင်ရမှာဖြစ်ပါတယ်...




aux, lpt1, lpt2, lpt3
aux, lpt1, lpt2, lpt3
aux, lpt1, lpt2, lpt3
aux, lpt1, lpt2, lpt3
ကဲဝင်ပြီး သွားရင် ကျွန်တော်ပြပေးထားတဲ့ ...

အောက်က ပုံလေးကိုကြည့်လိုက်ပါ... ကျွန်တော် တို့ ခုနက Command ထဲမှာ ရိုက်ခဲ့တဲ့

con ဆိုတဲ့ Folder လေး ပေါ်နေပါလိမ့်မည်....





အဲ့ con ဆိုတဲ့ Folder လေးကို ကျွန်တော်တို့ Delete လုပ်လို့ ရမရ စမ်းကြည့်ရအောင်...

အောက်က ပုံအတိုင်း သူ့ကို Right Click ထောက်ပြီး ... Delete ကိုနှိပ်ပေးလိုက်ပါ...




ကဲ လုပ်နေကျ အတိုင်း အောက်ပုံ ကိုမကြည့်ဘဲနဲ့ Yes ကို ရဲရဲ သာနှိပ်ပေးလိုက်ပါ...






အောက်မှာပြ ထားတဲ့ ပုံလို မျိုး Windows Error Message Box လေး တက်လာပါလိမ့်မယ်...

ဒီ Folder ဟာ ဖျက်လို့ မရပါဘူးပေါ့...





ကိုယ့် သူငယ်ချင်းတွေ ကြားထဲမှာ ကိုယ်ဒါမျိုး ဖျက်မရ Rename မရတဲ့ Folder လေးတစ်ခု လုပ်တတ်တယ်

ဆိုပြီး လုပ်ပြလိုက်ပေါ့ဗျာ....

ကဲ ဖျက်လို့ မရတော့ ဘူး... ဘယ်လိုဖျက်မလဲ ဆိုတာ ဆက်ကြည့် ကြရအောင် ....

မူလ ပထမ က အတိုင်း CMD လေးကို Window Key+ R နဲ့ Run ထဲ ကနေ ခေါ်လိုက်ပါ...






CMD ထဲမှာ.. ကိုယ် ဖျက်လိုတဲ့ Folder ရှိတဲ့ Directory ဘက်ကို Change ပေးလိုက်ပါ...

ကျွန်တော်က D: ထဲမှာ လုပ်ခဲ့ တာဆိုတော့ D: ပေါ့ ဗျာ....




အခုဆို D: ထဲ ရောက်သွားပြီ မို့လို့ ... ဖျက်တော့ပါမယ်...

rd con\
 လို့ ရိုက်လိုက်ပါ... သို့မဟုတ် rd foldername\ ပေါ့ဗျာ.. မိမိထားခဲ့တဲ့ Name ကိုရိုက်ရမှာဖြစ်ပါတယ်...

rd stands for remove directory ပေါ့ rd=Remove Directory

ဆိုလိုတာက Directory တစ်ခု ဖယ်ရှားပစ်(Remove လုပ်)တယ်ပေါ့ ဗျာ...




ကဲ ပြီးတော့ ထုံးစံအတိုင်း Window Key + E နဲ့ My Computer ကိုထပ်ခေါ်ပြန်ပါပြီ....

D: ထဲ ပြန်ဝင်လိုက်ပြီ ....





အောက်က ပုံလေးကိုကြည့်လိုက်ပါ... con ဆိုတဲ့ Folder လေး လုံးဝ မရှိတော့ပါဘူး....




ဒါလေးက Pro တွေ Master တွေ Guru တွေ အတွက် ဘာမှ မဟုတ်ပေမယ့်... ကျွန်တော်က Beginner တွေ

အတွက် ရည်ရွယ်ပြီး ပြောပြပေးတာ ဖြစ်လို့.....

အားလုံးပဲ ကြိုက်ကြလိမ့်မယ်လို့ ထင်ပါတယ်.... ဒီနည်းလေး က ကျွန်တော့် အနေနဲ့ ဘာရယ်မဟုတ်ပါဘူး..

ဗဟုသုတ ရစေချင်တဲ့ သဘောနဲ့ ပြောပြပေးလိုက်တာပါ...

အားလုံး ဗဟုသုတ လေးတစ်ခုတိုးရတာပေါ့ဗျာ....

အားလုံး အဆင်ပြေ ပါစေ...

ကျွန်တော်နှင့် တိုက်ရိုက်ပြောလိုပါက ..

heartlay.2018@gmail.com
https://www.facebook.com/bossies.princelay

တို့ကို ဆက်သွယ်ပါ....

အစ အဆုံး ဖတ်ရှုပေးသူများကို အထူးပင်ကျေးဇူးတင်ရှိပါတယ်..... 

Facebook ပေါ်မှာ ကိုယ် ဘာတွေ Like သလဲ နှင့် ဘာတွေ Comment ပေးထားသလဲ ကြည့်နည်း(Review Ur Activity)


အားလုံး မင်္ဂလာပါ... ကဲ ရော သမ မွှေ အောင် ကလိ နေတဲ့ နောင်ခန့်သူ လာပြန်ပါပြီ....

ကျွန်တော် အခု ဘာ ပြောပြမလဲ ဆိုရင် ခေါင်းစဉ် ဖတ်ကြည့်ပေါ့ဗျာ.. :P

ဒီနည်းကို ကျွန်တော့် Facebook Page မှာ တင်ပေးပါတယ်.. လွန်ခဲ့ တဲ့ နှစ်ရက်တုန်းကပေါ့...

ဒါပေမယ့် လည်း ကျွန်တော့် ဆီကို လာလာပြောနေကြတယ်.. မရဘူး ချည်းပဲ လာပြောနေကြလို့...

ကျွန်တော် အသေးစိတ်ပြန် ပြောပြမလို့ ရေးပေးလိုက်တာပါ.....

Facebook မှာ..ကိုယ် ဘာတွေ လုပ်ထားသလဲ ဘာတွေ Like ထား သလဲ......Comment ပေးထားသလဲ

..Recent တွေ ရော အရင်က ဟာတွေ အတိတ်တွေ အားလုံးကို အသေးစိတ်


အကုန် ပြန်ကြည့်  လို့ ရနိုင်ပါတယ်...

ကျွန်တော် ပြတာကို ပဲလိုက်ကြည့်ပါ... နည်းလမ်းကို ပြောတာနော် .. :P


ကျွန်တော် Link တစ်ခု ထောက်ပြမယ်... အောက်က အနီ ရောင် Link ပေါ့...


>>>> တွေ မပါပါဘူး...လှအောင်ထည့် ထားတာပါ.. :) အနီရောင်ကို သာ ကြည့်ပါ...


>>>>> https://www.facebook.com/Username?sk=approve&highlight

Username ကိုကျွန်တော် ခရမ်းရောင်နဲ့ .. ထောက်ပြ ပေးထားပါတယ်..

အဲ့ နေရာမှာ မိမိ Username ရေးပေးပါ...

ကျွန်တော် ဆိုရင်... https://www.facebook.com/bossies.princelay?sk=approve&highlight  ပေါ့....

ကဲ လာမေးပြီ.... အဲ့ Username ဆိုတာ ဘာလဲ တဲ့ .. ဘယ်လို ကြည့်ရမလဲတဲ့ ... မသိတဲ့ သူတွေ အတွက်


ကတော့ ပြောပြရတော့ မှာပေါ့ ဗျာ...


မိမိ အကောင့် Wall ပေါ် တက်လိုက်ပါ... ပြီးရင် URL Bar မှာ ကြည့်လိုက်ပါ...
(URL ဆိုသည်မှာ Uniform(or) Universal Resource Locator ဖြစ်ပါသည်...)



https://www.facebook.com/ ရဲ့ နောက်က Name က Username ပေါ့ ...


အောက်မှာ ပုံလေး ကြည့်လိုက်ပါ....





အဲဒီ့ .com/ လေး ဘေးက ဟာလေးက Username ပါပဲ...


ကိုယ့် Username ကို အသေ အချာ မှတ်ယူ ထားလိုက်ပါ...

ပြီးရင် စောစော တုန်းက ကျွန်တော် ပေးထားတဲ့ Link လေးမှာ ကပ်ထည့် ပေးလိုက်ပါ...

အောက်ကလိုမျိုးလေးပေါ့ ဗျာ...

>>> https://www.facebook.com/bossies.princelay?sk=approve&highlight




ကဲ ပုံမှာမြင်တဲ့ အတိုင်း မောင်မင်းကြီးသား ဘာတွေ လုပ်ထားသလဲ အသေးစိတ် ပေါ် လာပါပြီ..


ကျွန်တော့် စာတွေကိုတော့ ဖျက်ထားပါတယ်... ပုံမှာ ဝါးနေ အောင်လို့ပေါ့....


အဲဒီ့ Activity Link ကို Account ပိုင်ရှင် ဝင်ကြည့်မှ ပေါ်မှာ ဖြစ်ပါတယ်...

မိတ်ဆွေက ကျွန်တော် ဘာတွေ လုပ်ခဲ့ သလဲ ဝင်ကြည့် ရင်မပေါ် ပါဘူး... ပိုင်ရှင် ရဲ့ Timeline သာလျှင်

ပေါ်နေမှာဖြစ်ပါတယ်....

အဲ ဒီ့ Link ထဲမှာ ပါဝင်နေတဲ့ ? က Search ကို ဆိုလို တာပါ...

ကျွန်တော် ဘာကြောင့် ဒီနည်းကို ပြောပြ ရသလဲ ဆိုတော့ .. တကယ်လို့ မိမိ ရဲ့ ချစ်သူ Account Password

ကို ကိုယ်က သိနေရင် သူဘာတွေ လုပ်ထားသလဲ ဝင်ကြည့်နိုင်တာပေါ့ဗျာ...

ကျွန်တော့် ကို လာမေး တဲ့ သူက ကျွန်တော့် အကို တစ်ယောက်ပါပဲ...

ဒါကြောင့် ကျွန်တော် ခု ပဲ ပြန်တင်ပေး လိုက်တာပါ...



ကဲ အားလုံးပဲ အဆင်ပြေကြပါစေ..


ကျွန်တော် နှင့် တိုက်ရိုက်ပြောလိုပါက ..


heartlay.2018@gmail.com

https://www.facebook.com/bossies.princelay တို့ကို ဆက်သွယ်ပါ...

Thanks for reading.. ကျေးဇူးတင်ရှိပါသည်...

နောင်ခန့်သူ(GMP Blogger)

ကိုယ် မြင်စေချင်သူပဲ မြင်အောင် ကိုယ့် Status,Photos,Post တွေကို တင်နည်း(On Facebook)


ကျွန်တော့် ကို ညီငယ်လေး တစ်ယောက် မေး ဖူးတယ်... ဘယ်သူလဲ ဆိုတာတော့ သေချာ မမှတ်မိဘူးဗျ..

သူက G-talk ထဲ မှာ လာမေးတာဖြစ်ပါတယ်...

မေးတာကတော့

အကိုနောင်ခန့်သူ ရေ ကူညီပါဦး.. ကျွန်တော် တင်တဲ့ Status တွေကို ကျွန်တော် သိစေ ချင်တဲ့ သူတွေ 

ကို ပဲ သိအောင် .. နောက်ပြီး ကိုယ် မမြင်စေချင်တဲ့ သူတွေ မတွေ့အောင် တင်လို့ ရပါသလား ခင်ဗျာ..

အချိန်ရရင် ပြောပြပေးပါလား...

လို့ လာမေးလို့.... ကျွန်တော် အခုပဲ ပြောပြလိုက်ပါပြီ...


ကဲ Facebook ကြီး နဲ့ ပတ်သက်ပြီး ခဏခဏ ကလိနေတဲ့ နောင်ခန့်သူ လာပါပြီ....

ဒီတစ်ခါတော့ ကျွန်တော် သင်ပေး ပြပေးချင်တာကတော့ ... Only me Tag လို့ ခေါ်တယ်ဗျ......

ဒီ စကားပြောလိုက်တာနဲ့ ထက် ခနဲ တန်းသိသွားမယ် ထင်ပါတယ်.. ( အမှန်တော့ မထင် :P )

Facebook မှာ Tag လုပ်တယ် ဆိုတာကို လူတိုင်း သိပါတယ်... မသိလည်း ဒီ Topic နဲ့ မဆိုင်တော့ ကျွန်တော်

ရှည် ရှည် ဝေးဝေး ပြောမနေတော့ပါဘူး...

ခေါင်းစဉ်နဲ့ ဆိုင်တာကို သွားပါမယ်...

ဒီနည်းကိုတော့ လူတိုင်းနီးပါး သိနိုင်ပါတယ်.. ကျွန်တော်က မသိ သေးတဲ့ သူတွေ ကိုပဲ ပြောပြမှာပါ...

ကဲ စမယ်....

ကျွန်တော် ပြောသလို Tag လုပ်တဲ့ အခါမှာ.. ကိုယ် Tag ထားတဲ့ Friend တွေ ပဲ ကိုယ့် Status ဒါမှ မဟုတ်

Photo ဒါမှ မဟုတ် Post တွေကိုမြင်တွေ့ နိုင်မှာ ဖြစ်ပါတယ်.....

အရမ်းကို လွယ်ကူပါတယ်... အောက်က ပုံကလို ကိုယ်ရေးချင်တာ ကိုရေးလိုက်ပါ...

ဒီပုံကတော့ ကျွန်တော့် Timeline ထဲကနေ ဝင်ထားတာ ဖြစ်ပါတယ်...



 

အဲ ဒီ့ ပုံမှာ..ကျွန်တော် မြားနဲ့ ပြထားသလို လူပုံ လေးထဲ ဝင်ပြီး......ကိုယ့် ပို့စ်ကို ဘယ်သူတွေ မြင်စေ ချင်သလဲ ရွေးပေးလိုက်ပါ...

ပြီးရင် အောက်က ပုံလို ....  Only me ပြောင်းပေးလိုက်ပါ....



ဒါဆိုရင် အောက် ထုံးစံ အတိုင်း Post ကိုနှိပ်ပြီး တင်လိုက်ပါ......

အဲ့လို ဆိုရင် ကိုယ် ရွေး ပေးထားတဲ့ သူတွေ ပဲ ကိုယ့် Post ကို မြင် ရမှာပါ.. တခြား သူတွေ မမြင်ရတော့ပါဘူး...

လျှို့  ဝှက် လုပ်ငန်း တွေ လုပ်လို့ လူမသိစေချင်ဘူးဆိုရင် ... ကိုယ် သိစေချင်တဲ့ သူကိုပဲ... ဒီလို ချိတ်ပြီး

ဖြန့်လို့ရပါတယ်... ဒါပေမယ့် ဟိုဘက်က Approval မထားဘူးဆိုရင် တန်းပေါ် မှာဖြစ်ပြီး.. ထားတယ်ဆိုရင်..

သူ့ဘက်မှာ Notification တက်လာမှာပါ.....

ဒါလေးက ဘာရယ်မဟုတ်ပါဘူး...  ဒီလို လုပ်လို့ ရသေးတယ် ဆိုတာ သိစေချင်လို့ ပြောပြလိုက်တာပဲ ဖြစ်ပါတယ်....

အားလုံး အဆင်ပြေကြပါစေ....

တကယ်လို့ ကျွန်တော်နဲ့ တိုက်ရိုက်ပြော ချင်တယ်ဆိုရင်..

heartlay.2018@gmail.com
https://www.facebook.com/bossies.princelay တို့ ကို ဆက်သွယ်နိုင်ပါတယ်...

အားလုံး အဆင်ပြေ နိုင်ကြပါစေ....

(နောင်ခန့်သူ)


မိမိ Profile Picture Click လို့ မရအောင်(သို့မဟုတ်) Private ဖြစ်အောင် လုပ်နည်း...(On Facebook)

အားလုံး မင်္ဂလာပါ... ကျွန်တော် နောင်ခန့်သူ ရဲ့ GMP IT Training Center လေးမှ ကြိုဆိုပါတယ်...

အခုကျွန်တော် ပြောပြမှာကတော့ ...  မိမိရဲ့ Profile Picture ကို Click လို့ မရအောင်.. တစ်နည်းအားဖြင့် ..

Private ဖြစ်အောင် လုပ်နည်းလေး တင်ပေးမှာဖြစ်ပါတယ်...

ဘာမှတော့ မခက်ခဲပါဘူး... အရာတိုင်းဟာ မသိခင်မှာတော့ ခက်ပါတယ်.. သိသွားရင် လွယ်သွား ကြတာ

ချည်းပါပဲ...

ကျွန်တော် ကလည်း အခုရက်ပိုင်းမှာ .. ပြဿနာလေးတွေ နည်းနည်းတက်နေလို့... ဖြေရှင်းနေရတာကြောင့်

Post တွေ မတင်ဖြစ်ဘူး... ဖြစ်နေတာ.. နောက်ပြီး Connection ကလည်း သိတဲ့ အတိုင်းပဲလေ....

ကဲ စကားများမနေတော့ဘူး.. ကျွန်တော့် သင်ခန်းစာလေး စလိုက်ရအောင်....

အောက်က အတိုင်း မိမိရဲ့ Profile ထဲ..သို့မဟုတ် Timeline ထဲ ပေါ့ဗျာ.. ဝင်လိုက်ပါ.....

အောက်ကပုံ ကတော့ ကျွန်တော့် Timeline ပေါ့...


အဲ့ဒီ့ ပုံလေးကို Click ပေးလိုက်ပါ....



အောက် ကလို Popup လေးနဲ့ တက်လာပါလိမ့်မယ်..

တက်လာပြီဆိုရင်......  အောက်က ပုံထဲက လို Edit ကိုနှိပ်ပေးလိုက်ပါ....




ပြီးရင်... အောက်မှာ ပြပေးထားတဲ့ ပုံအတိုင်း .... Only me ပြောင်းပေးပြီး.. Done Editing ကို နှိပ်ပေးလိုက်ပါ...


ဒါဆို ရင် ရပါပြီ...

မိမိရဲ့ Profile ထဲကို ဝင်ကြည့်ရင်..... မိမိ ပုံကို မိမိကလွဲလို့ တခြားသူတွေ ကလစ်လို့ မရတော့ပါဘူး...

Click လို့ မရတော့ ..ခုနက လို Popup box လေးနဲ့လည်း တက်မလာတာ့ပါဘူး....

မိမိ တစ်ယောက်သာ Click လို့ ရသွားပါလိမ့်မယ်... ကျွန်တော် ကိုယ်တိုင်လည်း လုပ်ထားပါတယ်..

ဒီ Tutorial နှင့် အတူတူ လုပ် သွားတာပါ... ကျွန်တော့် Profile ထဲဝင်ပြီး ကျွန်တော့် ပုံကိုလည်း လာ

Click ကြည့် နိုင်ပါတယ်.. Click လို့ မရတာ ကို တွေ့ရမှာပါ.....

ဒါလေးက ဘာရယ်မဟုတ်ပေမယ့် ... ဒီလိုလေးလုပ်လို့ ရတယ်ဆိုတာကို ဗဟုသုတ ပေးလိုက်တာပါပဲ...

ကျွန်တော်နှင့် တိုက်ရိုက်ပြောလိုပါက...

heartlay.2018@gmail.com
https://www.facebook.com/bossies.princelay တို့တွင် လာရောက် ဆွေးနွေးနိုင်ပါတယ်..

အားလုံးအဆင်ပြေကြပါစေ....

Android Applications တွေ Uninstall လုပ်လို့ မရရင် ရအောင်လုပ်မယ်..(Uninstaller မလို)





အားလုံး မင်္ဂလာပါ.. ကျွန်တော်က တော့ နောင်ခန့်သူပါ....

ဒီနေ့ ပဲ မနက်ပိုင်းတုန်းက G-talk မှာ ညီငယ်တစ်ယောက်က မေးလာပါတယ်.....

အကိုနောင်ခန့်သူရေ.... ကျွန်တော့် ရဲ့ Andriod Phone မှာတစ်ချို့ Applications တွေ က Uninstall

လုပ်လို့ မရဘူး.... Uninstall not successfully ပဲ ပြနေပါတယ်... အကိုအားရင် Android Apps Uninstaller လေးတင်ပေးပါလား .......တဲ့ဗျာ...

ကဲ ညီငယ်ကို ပြန်ဖြေလိုက်ပါပြီ.. Uninstaller တွေ ဘာတွေ ဘာမှ မလိုပါဘူး....Download လုပ်ရတာပဲ

အချိန်ပုပ်မယ်... မြန်မာပြည် Connection က သိတယ်မလား  :P ... ကဲ ဒီတော့လွယ်လွယ်လေးနဲ့

Uninstall လုပ်နည်းလေး သွားကြရအောင်ဗျာ.... ဒီနည်းကလည်း အားလုံး လိုလို သိကြတဲ့နည်းပါပဲ...

သတိ မမူ ဂူမမြင်လို့နည်းနည်းပါးပါး လေ့လာစူးစမ်းစိတ်မမွေးမြုလို့ မလုပ်တတ်ရတာပဲ ဖြစ်ပါတယ်...

(ရမ်းကလိတာကို ပြောတာမဟုတ်ပါဘူး) :P :P

ကဲ ဒီ ဖြစ်ရပ်မှာ ကျွန်တော် တို့ မြန်မာတွေ ဘာမှားသလဲ ဆိုတော့ ... တွေ့ကရာမြင်ကရာတွေ

ပေါ်ပေါ်လာရင်ရင် No မနှိပ်တတ်တဲ့... Cancel မနှိပ်တတ်တဲ့ အကျင့်ရှိလို့ပါပဲ....

Android OS မှာရှိတဲ့ System device နဲ့ပတ်သက်တဲ့ Application တွေ ဆိုရင်...

Run လို့ရအောင် Device Admin Permission တောင်းပါတယ်.... ကဲ Admin ရေခွင့်ပြုမလားဟေ့

ဆိုပြီးတော့ပေါ့ .. :P

အောက်က ပုံမှာကြည့်ပါ.... ကဲ ဘာမှန်းမသိတော့ Activate လုပ်လိုက်တာပေါ့လေ... ဒါကြောင့် မို့လို့

Application ကို Lock ချထားလိုက်သလို သဘောမျိုးဖြစ်သွားပါတယ်.. ဖျက်လို့လည်းမရ..

Uninstall လည်းလုပ်လို့မရတော့ပါဘူး...


ကဲ ဒီလိုဖြစ်ရင် ဘယ်လို လုပ်မလဲ ..??? လွယ်ပါတယ်... ဆက်ကြည့်လိုက်ပါ...

အရင်ဦးဆုံး Setting ထဲကို သွားလိုက်ပါ...

ကဲ ဝင် ပြီး တဲ့ အခါမှာ....

Location & Security (သို့မဟုတ်) Security ထဲကို ဝင်လိုက်ပါ....... (ကျွန်တော့်မှာက Location သက်

သက်.. Security သက်သက်ပါ...)


 ဒီတော့ Security ထဲပဲ ဝင်လိုက်ပါတယ်.... ပြီးတော့ အောက်ကလို Device Administrator ထဲ

ကို ထပ်ဝင်ပါတယ်....

ကဲ  Device Administrators ထဲမှာ ခဏလောက် ရပ်မယ်....

ဘာလို့လဲ ဆိုတော့ Location & Security တွဲ ထားတဲ့ ဖုန်းပိုင်ရှင်တွေတော့ ကျွန်တော့်ကိုပေါက်ကွဲမှာ

စိုးလို့ ..ကဲ အဲ့လို သူတွေကလည်း Device Administrators ထဲကိုရောက်အောင် အောက်ကလို သွားရုံပေါ့

ဘာခက်တာမှတ်လို့ ... :)


ကဲ ဘယ်လိုဖြစ်ဖြစ် Device Administrators ထဲကို ကျွန်တော်တို့ ရောက်သွားကြပါပြီ...

ကဲ အားလုံး Device Administrators ထဲကို ရောက်သွားကြပြီနော်.. Device Administrators

ရောက်တာနဲ့ ကိုယ် Uninstall လုပ်ချင်တဲ့ကောင်ကို အောက်ကလို အမှန်ခြစ်လေးဖြုတ်ပေးလိုက်ပါ....

အမှန်ခြစ်ကလေး ဖြုတ်ပေးပြီးပြီဆိုရင် အောက်ကလို Deactivate လုပ်ဖို့

စာလေးတက်လာပါလိမ့်မယ်...သူ့ကို  အစပိုင်းတုန်းကActivate လုပ်ပေးထားမိ တယ်လေ ...

ကျွန်တော် ဒီပို့စ်အစ မှာ ပြောပြခဲ့ ပါတယ်... ဒီတော့ Deactivate လုပ်ဖို့အောက်မှာပြထားတဲ့ ပုံအတိုင်း

Deactivate ခလုတ်ကိုနှိပ်ပေးလိုက်ပါ...


ပြီးရင် ကိုယ် အမှန်ခြစ်ဖြုတ်ထားတဲ့ကောင်ကို Uninstall လုပ်ဖို့အတွက်......

Manage Applications ထဲကို ဝင်လိုက်ပါတယ်.. (Launcher ထဲမှာ ပါတဲ့ Long Pressing Option လေး
သုံးပြီးတော့လည်း... Uninstall ပြုလုပ်နိုင်ပါတယ်.. ဒါပေမယ့်အဲ့လိုအလွယ်လမ်းလိုက်တာမကောင်းပါဘူး..
 ပညာရပ်တစ်ခုကို အလွယ်လမ်းလိုက်မိရင် ..တခြားသူနဲ့ Related ဖြစ်နေတဲ့ အကြောင်းအရာတွေ
 ရောက်ရင် မသိတာ.. မလုပ်တတ်တာတွေ ဖြစ်လာနိုင်ပါတယ်... )

ကျွန်တော့်ဆီမှာတော့ Third-party ကနေ ဝင်လိုက်တယ်...



နောက်ပြီး ကိုယ် Uninstall လုပ်ချင်တဲ့ Application ထဲကို ဝင်လိုက်ပါတယ်....


ပုံမှန် Uninstall လုပ်နေကြ အတိုင်း Uninstall လုပ်ပါတယ်.....

This application will be uninstalled ဆိုတာ တွေ့ပါလိမ့်မယ်.... OK ကို ရဲရဲ သာနှိပ်ပေးလိုက်ပါ...



 အောက်ကပုံက တော့ Uninstalling Process ထဲမှာပဲ ရှိနေသေးကြောင်းပြတဲ့ ပုံပါ..


 ကဲ အောက်က ပုံလေးကို ကြည့်လိုက်ပါ...


ပုံမှာမြင်တဲ့ အတိုင်းပါပဲ Uninstall လုပ်လို့ မရတဲ့ကောင်ကို လုပ်ပြီးတဲ့ပုံပါ...

ကဲ မိတ်ဆွေရဲ့ Andriod ဖုန်းမှာမလိုအပ်တဲ့ကောင်ကို အောင်မြင်စွာ Uninstall လုပ်ပစ်နိုင်လိုက်ပါပြီ...

ကျွန်တော် ပုံတွေမှာ ပြထားတဲ့ Location & Security ထဲ ဝင်တဲ့ အပိုင်းမှာ က ဖုန်းတစ်လုံး သုံးထားပြီး...

အဲ့ဒီ့ဖုန်းမှာ... Screen Shot Capture လုပ်ရမှာ... Error လေးအနည်းငယ်တက်နေလို့ ...

Samsung ဖုန်းနဲ့ အစားထိုး ပြီး Screen Shot လေးရိုက်တင်လိုက်ရပါတယ်.......

ဘယ်လိုပဲဖြစ်ဖြစ် သဘောတရားကို နားလည်ရင် အားလုံးအဆင်ပြေမှာပါ...

ဘယ်ဟာကိုမှ ပုံသေ မမှတ်တာအကောင်းဆုံးပါ....

ကျွန်တော် ရေးတဲ့ Post တွေ မှာ အရင်ကဆို အသေးစိတ် ရှင်းပြပါတယ်... အခု နောက်ပိုင်းက

အချိန်သိပ်မပေးနိုင်လို့ ... အသေးစိတ်မရှင်းပြနိုင်တာ စိတ်မရှိကြပါနဲ့ ..

နားမလည်တဲ့ အပိုင်းတွေကို ကျွန်တော့် G-talk မှာ လာမေးနိုင်ပါတယ်....

ကျွန်တော့်ကြောင့် နည်းပညာ ဗဟုသုတ တစ်ခု တိုးပွားသွားခဲ့တယ်ဆိုရင် ကျေးဇူးတင်စကားမပြောချင်

နေပါ.. ကျွန်တော် ကျေနပ်ပါတယ်.....

ကဲ အားလုံး အဆင်ပြေကြစေဗျာ....

ကျွန်တော်နှင့်တိုက်ရိုက်ပြောလိုပါက

heartlay.2018@gmail.com
https://www.facebook.com/bossies.princelay

တို့တွင် ဆက်သွယ်နိုင်ပါတယ်...

ဒီ Post လေး ကို အစအဆုံး ဖတ်ပေးသူများကို အထူးပင်ကျေးဇူးတင်ရှိပါတယ်..
Copyright © 2013 Myanmar Guru Master Pro IT Training Centerandနောင်ခန့်သူ-GMP IT TC