-::-|Copy Right>>GMP IT TC | Templated By နောင်ခန့်သူ(GMP Creator)|-::-
')); //-->

Windows OS မှာ Delete လုပ်လို့မရ (or) Rename လုပ်လို့ မရသော Folder တည်ဆောက်နည်း နှင့် ဖျက်ပစ်နည်း..


အားလုံးမင်္ဂလာပါ... ကျွန်တော် နောင်ခန့်သူ က လာလည်သူ အားလုံးကို ကြို ဆိုပါတယ်.....

ကျွန်တော် ဒီနေ့ သင်ပြပေးချင်တာလေးကတော့ ... မိမိ ရဲ့ Computer ထဲမှာ... ဖျက်လို့ မရသော ... (သို့မဟုတ်)

Rename လုပ်လို့ မရသော Folder တစ်ခု တည်ဆောက် ခြင်းနည်းလမ်းလေးပဲ ဖြစ်ပါတယ်...

ခေါင်းစဉ်ဖတ်ကြည့်ပြီး ကျော်မသွားစေချင်ပါ...ဒီနည်းလေးက လွယ်လွန်းလှပါတယ်... 

Windows OS သုံးထားတဲ့ ဘယ် Computer မှာမဆို ဒီနည်းလမ်းကို စမ်းသပ်ကြည့်နိုင်ပါတယ်...

ဒီနည်းကို သိထားရင် မိမိ Computer မှာ ဖျက်မရ ဖြစ်နေတတ်တဲ့ Folder တွေ ကိုလည်း ဖျက်ပစ်နိုင်မှာပါ..

ကျွန်တော်က အဲ့လို ဖျက်မရတဲ့ Folder ပြုလုပ်နည်းနဲ့ ဖျက်ပစ်နည်းကို ပြောပြ ပေးမှာ ဖြစ်ပါတယ်..

ကဲ ပထမ ဆုံး ကျွန်တော် စပြောချင်တာကတော့ .. Command Prompt ဆိုရင် သိမယ်လို့ ထင်တယ်...
(အမှန်တော့ သိပ်မထင်ရဲ :P)

Command Prompt ကိုကျွန်တော် အရောင်ပြောင်းတာတွေ တောင် အရင် Post တစ်ခုမှာ တုန်းက ပြောပြ

ခဲ့ဖူးပါတယ်....

ကဲ စကားနည်းနည်း ရှည်သွားပြီ... လိုရင်းကို သွားလိုက်ကြရအောင်ဗျာ....

------------------------------------------------------------------------------------------------------------------

ပထမဦးဆုံး မိမိ ရဲ့ Computer မှာ Window Key + R ကို တွဲ နှိပ် ပေးလိုက်ပါ...

အောက်ကလို Run Box တက်လာလျှင်... cmd ဟု ရိုက်ပေးပါ...



ပြီးရင် OK ကိုနှိပ်ပေးလိုက်ပါ...

အောက်ကလို Command Prompt လေး တက်လာပါလိမ့်မည်.....


ပုံထဲမှာ ကျွန်တော် ပြထားသလို ပေါ်လာပါလိမ့်မယ်.... ကဲ အောက်က အတိုင်း အဲ့ဒီ့ Command Prompt လေး

ထဲမှာ ... ကိုယ့် Folder ကိုဘယ် လမ်းကြောင်းမှာ ထားမှာ လဲ ဆိုတာ Command ပေးရပါမယ်...

C: လို့ပဲရိုက်ရိုက် D: လို့ပဲ ရိုက်ရိုက် E: ဖြစ်ဖြစ် ... ကိုယ်ကြိုက်တဲ့ Drive Name ကိုရိုက်ပေးလိုက်ပါ...

ကျွန်တော်ကတော့ D: ပဲရိုက်ပြီး Directory ကို D: ထဲကို Change လိုက်ပါတယ်...

ဆက်ကြည့်ပေးပါ...




ပုံမှာ ပါတဲ့ အတိုင်း...ရိုက်ပြီးပြီ ဆိုရင် ... အောက်က ပုံအတိုင်း...

md con\ 

လို့ ရိုက်ပေးလိုက်ပါ..  md stands for Make Directory ဖြစ်ပါတယ်... md=Make Directory

ဆိုလိုတာက Directory တစ်ခု ဖန်တီးတယ်ပေါ့ ဗျာ...

con နေရာတွင် aux, lpt1, lpt2, lpt3,lpt4,lpt5,lpt6,lpt7,lpt8,lpt9 တို့မှ ကြိုက်ရာ တစ်ခု ရိုက်နိုင်ပါတယ်..

ကျွန်တော်က con နဲ့ ပဲ သွားပါမယ်..... ပုံကိုကြည့်ပါ...




ပြီးသွားရင် Widow Key+E နဲ့ My Computer ကိုခေါ်လိုက်ပါ... အောက်က ပုံလိုမျိုး တက်လာ ပါမယ်....

ခုနက ကျွန်တော် လုပ်ခဲ့ တဲ့   Directory က D: ထဲမှာ ဖြစ်လို့ ကျွန်တော်ကတော့ D: ထဲပဲ ဝင်လိုက်ပါမယ်..

စာဖတ်သူလည်း ကိုယ် Command ရိုက်ခဲ့တဲ့ Drive ထဲကို ဝင်ရမှာဖြစ်ပါတယ်...




aux, lpt1, lpt2, lpt3
aux, lpt1, lpt2, lpt3
aux, lpt1, lpt2, lpt3
aux, lpt1, lpt2, lpt3
ကဲဝင်ပြီး သွားရင် ကျွန်တော်ပြပေးထားတဲ့ ...

အောက်က ပုံလေးကိုကြည့်လိုက်ပါ... ကျွန်တော် တို့ ခုနက Command ထဲမှာ ရိုက်ခဲ့တဲ့

con ဆိုတဲ့ Folder လေး ပေါ်နေပါလိမ့်မည်....





အဲ့ con ဆိုတဲ့ Folder လေးကို ကျွန်တော်တို့ Delete လုပ်လို့ ရမရ စမ်းကြည့်ရအောင်...

အောက်က ပုံအတိုင်း သူ့ကို Right Click ထောက်ပြီး ... Delete ကိုနှိပ်ပေးလိုက်ပါ...




ကဲ လုပ်နေကျ အတိုင်း အောက်ပုံ ကိုမကြည့်ဘဲနဲ့ Yes ကို ရဲရဲ သာနှိပ်ပေးလိုက်ပါ...






အောက်မှာပြ ထားတဲ့ ပုံလို မျိုး Windows Error Message Box လေး တက်လာပါလိမ့်မယ်...

ဒီ Folder ဟာ ဖျက်လို့ မရပါဘူးပေါ့...





ကိုယ့် သူငယ်ချင်းတွေ ကြားထဲမှာ ကိုယ်ဒါမျိုး ဖျက်မရ Rename မရတဲ့ Folder လေးတစ်ခု လုပ်တတ်တယ်

ဆိုပြီး လုပ်ပြလိုက်ပေါ့ဗျာ....

ကဲ ဖျက်လို့ မရတော့ ဘူး... ဘယ်လိုဖျက်မလဲ ဆိုတာ ဆက်ကြည့် ကြရအောင် ....

မူလ ပထမ က အတိုင်း CMD လေးကို Window Key+ R နဲ့ Run ထဲ ကနေ ခေါ်လိုက်ပါ...






CMD ထဲမှာ.. ကိုယ် ဖျက်လိုတဲ့ Folder ရှိတဲ့ Directory ဘက်ကို Change ပေးလိုက်ပါ...

ကျွန်တော်က D: ထဲမှာ လုပ်ခဲ့ တာဆိုတော့ D: ပေါ့ ဗျာ....




အခုဆို D: ထဲ ရောက်သွားပြီ မို့လို့ ... ဖျက်တော့ပါမယ်...

rd con\
 လို့ ရိုက်လိုက်ပါ... သို့မဟုတ် rd foldername\ ပေါ့ဗျာ.. မိမိထားခဲ့တဲ့ Name ကိုရိုက်ရမှာဖြစ်ပါတယ်...

rd stands for remove directory ပေါ့ rd=Remove Directory

ဆိုလိုတာက Directory တစ်ခု ဖယ်ရှားပစ်(Remove လုပ်)တယ်ပေါ့ ဗျာ...




ကဲ ပြီးတော့ ထုံးစံအတိုင်း Window Key + E နဲ့ My Computer ကိုထပ်ခေါ်ပြန်ပါပြီ....

D: ထဲ ပြန်ဝင်လိုက်ပြီ ....





အောက်က ပုံလေးကိုကြည့်လိုက်ပါ... con ဆိုတဲ့ Folder လေး လုံးဝ မရှိတော့ပါဘူး....




ဒါလေးက Pro တွေ Master တွေ Guru တွေ အတွက် ဘာမှ မဟုတ်ပေမယ့်... ကျွန်တော်က Beginner တွေ

အတွက် ရည်ရွယ်ပြီး ပြောပြပေးတာ ဖြစ်လို့.....

အားလုံးပဲ ကြိုက်ကြလိမ့်မယ်လို့ ထင်ပါတယ်.... ဒီနည်းလေး က ကျွန်တော့် အနေနဲ့ ဘာရယ်မဟုတ်ပါဘူး..

ဗဟုသုတ ရစေချင်တဲ့ သဘောနဲ့ ပြောပြပေးလိုက်တာပါ...

အားလုံး ဗဟုသုတ လေးတစ်ခုတိုးရတာပေါ့ဗျာ....

အားလုံး အဆင်ပြေ ပါစေ...

ကျွန်တော်နှင့် တိုက်ရိုက်ပြောလိုပါက ..

heartlay.2018@gmail.com
https://www.facebook.com/bossies.princelay

တို့ကို ဆက်သွယ်ပါ....

အစ အဆုံး ဖတ်ရှုပေးသူများကို အထူးပင်ကျေးဇူးတင်ရှိပါတယ်..... 

0 comments:

GMP သို့ လာလည်သူများကို ကျေးဇူးတင်ပါတယ်....
Download မရရင်ပြောပါ... အဆင်မပြေတာ ရှိရင် Comment ပေးပါ...

Copyright © 2013 Myanmar Guru Master Pro IT Training Centerandနောင်ခန့်သူ-GMP IT TC