GMP သို့ လာရောက်သူ ညီအစ်ကို မောင်နှမများ ဖတ်ဖြစ်အောင် ဖတ်ပေးပါ...
အားလုံး မင်္ဂလာပါ... ကျွန်တော်တို့ Myanmar Guru Master Pro IT Training Center Site ကနေ
ကြိုဆိုပါတယ်....
ကျွန်တော်ကတော့ နောင်ခန့်သူပါ...
နည်းနည်းလောက် ပြောချင်တာလေးတွေ ရှိလို့ပါ... စိတ်ရှည်ရှည်လေးထားပြီး ဖတ်ပေးကြပါလို့...
ကျွန်တော်တို့ ဒီဆိုက်လေးကို လုပ်ရတဲ့ အကြောင်းရင်းကတော့ Beginner တွေ အတွက် အထူးရည်ရွယ်
ပြီး သင်ကြားမယ်ဆိုတဲ့ ရည်ရွယ်ချက်ကြောင့်ပါ... Computer ဆိုတာကို ဘာက ဘယ်လိုရှိတယ်....
ဘယ်ထဲဘာကလိလိုက်ရင် ဘာဖြစ်သွားတတ်သလဲ... စတဲ့သဘောတရားတွေကို သင်ပေးမှာဖြစ်ပါတယ်...
Website က အခုအချိန်မှာ ပြင်ဆင်နေဆဲ အချိန်.. နောက်ပြီး ကျွန်တော် ကတိပေးထားတဲ့ အတိုင်း..
အမြန်ဆုံးလုပ်လိုက်ရတာမို့လို့ .. လောလောဆယ်မှာ...ပြည့်စုံမှု မရှိသေးပါဘူး...
နှစ်ပတ်လောက် တော့အချိန်ထပ်ယူရပါဦးမယ်..... လောလောဆယ်မှာ ဖွင့်ပေးထားပေမယ့် ...
Member ကန့်သတ်ထားတာမို့လို့ ပြန်ပိတ်ထားမှာပါ... ဒါကလည်းအကြောင်းတစ်ခုကြောင့် ဖြစ်ပါတယ်...
ကျွန်တော်တို့ Site မှာ ကြော်ငြာ အနည်းငယ်သာ ထည့်ပါမယ်.... ဘာလို့လဲ ဆိုတော့
ပိုက်ဆံရတယ်ဗျ....ပိုက်ဆံကလည်း အလကားနေလို့မှ ရတာမဟုတ်ပါဘူး... user တွေ Click
မှ ရတာပါ... ရတာမှ Penny သာသာ လေးပဲ ရတာပါ...လူ တစ်သောင်းလောက် Click မှ ရတာပါ...
ဒီလို ငွေ ရအောင်လုပ်တယ်ဆိုတာ online ပေါ်မှာ ငွေ လိုချင်လို့ပါ....
ဘာလို့ လိုချင်ရသလဲဆိုတော့ ....
ဒီလိုရှိတယ်ဗျ.. ကျွန်တော်တို့ အပြင်ပိုက်ဆံကို Online ပေါ် ကနေ လွှဲမယ် ပြောင်းမယ်.....
online ပေါ်ရောက်အောင်လုပ်မယ်ဆိုရင် အဆမတန် ပိုက်ဆံ ထပ်ပေးရပါတယ်.....
အပြင်မှာ Domain,Hosting ဝယ်တာထက် online ပေါ်ကနေ ဝယ်တာက ပိုသက်သာပြီး အချိန်ကုန်
သက်သာစေပါတယ်... ဒီအချက်တွေ ကြောင့် online ပေါ်မှာ ငွေ ယူဖို့ ကြော်ငြာထည့်တာပါပဲ...
Ads Provider တွေ ဆီကနေ online ပေါ်မှ ငွေ ရပါတယ်...အဲ့ငွေ ကိုကျွန်တော်တို့ ကိုယ်ကျိုးအတွက်
မသုံးပါဘူး... နည်းပညာ ပြန်လည် ဖြန့်ဝေတဲ့နေရာ Download site တွေဝယ်မယ့်နေရာတွေမှာပဲ
သုံးမှာပါ...
ဒါကြောင့်ပါပဲ....
နောက်ပြီး ကျွန်တော်တို့ Website က အခုမှ ပြင်ဆင်စမို့လို့ .. ဘာမှ ရှိသေးဦးမှာ မဟုတ်ပါဘူး...
ပါဝင်ကူညီပေးထားတဲ့ ညီအစ်ကို မောင်နှမ များ ကိုလည်း အရမ်းကိုကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်..
တကယ်လို့ သင် ဟာဒီဆိုက်ကို ဝင်ကြည့်ဖြစ်ခဲ့တယ်ဆိုရင် .... Member ဝင်ပေးဖို့ ကြိုပြောချင်ပါတယ်...
ဘာလို့လဲဆိုတော့ ကျွန်တော်ပြောသလို ကန့်သတ် ထားတာကြောင့်ပါပဲ...
(လာပြန်ပြီ ဒီကန့်သတ်တာ :P)
အခု အားလုံး အဆင်ပြေအောင် ကျွန်တော်စီစဉ်ပေးမှာပါ......
အခု ကျွန်တော့် ဆီ ရောက်လာတဲ့ မေးခွန်းတွေဟာ များပြားလွန်းတာကြောင့်...
ဒီဆိုက်က Member တွေ မေးလာတာတွေ....
Mail ထဲကနေ မေးလာတာတွေကို ဦးစားပေးပြီး ကျွန်တော် ဖြေကြားပေးမှာပါ...
Mail ကနေတော့မပြောပါဘူး.... လူတိုင်းသိအောင် ဆိုက်မှာပြန်တင်ပေးမှာပဲဖြစ်ပါတယ်....
ကျွန်တော်ပြောနေကျ စကားတစ်ခွန်းလိုပေါ့ ဗျာ.... သင်ယူပါ... လေ့လာပါ... ကြိုးစားပါ.... လေ့ကျင့်ပါ...
ကလိပါ....ကလိမှ တတ်မှာပါ... မကလိရင် မတတ်ပါ....
အဲ ကလိတာကလည်း သဘောတရား နားလည်ဖို့လိုတယ်နော်....
နေရာတိုင်းမှာ သဘောတရားဆိုတာ နားလည်နေရင် အားလုံးအေးဆေးဖြစ်သွားမှာပါ...
:) ကဲ အားလုံးပဲ ပျော်ရွှင်ကျန်းမာ စိတ်ချမ်းသာ ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်.....
(Myanmar GMP IT TC Administrators)


ညီလေးတို့ နည်းပညာကိုလေးစားပါတယ်။မြန်မာပြည်မှာ နည်းပညာက အကိုတို့ လို ဘွဲ့ ရပြီးသားလူတွေတောင် ကောင်းကောင်းနားလည်တာမဟုတ်ပါဘူး။ညီလေးတို့  သင်ပေးတယ်ဆိုတာလည်း အကိုတို့ အတွက်တော့ အလုပ်လုပ်ရင်းလေ့ လာခွင့် ရတာဆိုတော့ တကယ်ကို အခွင့် အရေးတခုပါ။အပြင်မှာလေ့ လာဖို့ ဆိုတာလည်း တကယ်ကို မလွယ်ပါဘူး။နည်းပညာပိုင်းမှာ နားမလည်လို့ အမှားအယွင်းတခုခုလုပ်ခဲ့ မိရင် ခွင့် လွတ်ပေးဖို့ ကြိုတင်တောင်းပန်ပါတယ်။ညီလေးတို့ Myanmar Guru အဖွဲ့ သားအားလုံး စိတ်ရောကိုယ်ပါ ကျန်းမာချမ်းသာစွာဖြင့် နည်းပညာများကို ဖြန့် ဝေရင်း အများအကျိုးဆောင်လို့ ကိုယ့် အကျိုးလည်းအောင်မြင်ပါစေလို့ ဆုမွန်ကောင်းတောင်းပန်ပါတယ်။လေးစားစွာဖြင့်  သက်နိုင်ဦး ရွှေသီး မန္တလေး
ReplyDeleteတူတူပါပဲ။ ကျွန်တော်လည်း ဒီလိုမျိုးကြိုးစားချင်ပါတယ်။ မဖြစ်နိုင်တာကို ဖြစ်အောင်လုပ်တာ အထူးအဆန်းပါပဲ။ ဒီလိုမျိုးဆက်ကြိုးစားပါ။ အောင်မြင်ပါစေ။
ReplyDeleteYGNBlogger
(http://techinblogging.blogspot.com)
အကိုတို့ အနေနဲ့ အဲဒီလိုအပင်ပန်းခံပီးတတ်ထားသမျှကိုပြန် share ပေးတာကျေးဇူးအရမ်းတင်ပါတယ်။ကျွန်တော်တို့ အနေနဲ့ လဲ မသိတာတွေကိုဆက်လေ့လာခွင့်ရတာကိုအရမ်းကျေးဇူးတင်ပါတယ်၊
ReplyDeleteCom နဲ့ပက်သက်ပြီး လေ့လာဆဲ ဖြစ်ပါတယ်ကျေးဇူးတင်ပါတယ် လင်းနိုင်ထွန်း(မိတ္ထီလာ)
ReplyDelete